Back

သွားရောက်ယှဥ်ပြိုင်လျှက်ရှိသည့် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲ၏ ယနေ့ပွဲစဉ်များ၌ မြန်မာပြေးခုန်ပစ်အဖွဲ့မှ ရွှေတံဆိပ်(၃)ဆု အသီးသီးရရှိ 🥇🥇🥇

၂၀၂၅ခုနှစ်၊ ဧပြီလ (၂၄)၊ (၂၅) ရက်များတွင် Singapore SportsHub ၌ ကျင်းပလျှက်ရှိသည့် (၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲ၏ (၂၄)ရက်နေ့ ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ကြသော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ-

🥇အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုး မှ ရွှေတံဆိပ်အား (၄၇.၃၈မီတာ)မီတာဖြင့်လည်းကောင်း၊

🥇အမျိုးသမီး ၁၀၀၀၀မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် မှ ရွှေတံဆိပ်အား (၅၉:၁၅.၆၀)ဖြင့်လည်းကောင်း၊

🥇အမျိုးသား ၁၀၀၀၀မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင် မှ ရွှေတံဆိပ်အား (၅၀:၃၆.၁၁)ဖြင့်လည်း‌ကောင်း

အသီးသီးစွတ်ခူးရရှိခဲ့ကြပါသဖြင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြုအပ်ပါသည်။


မနက်ဖြန် (၂၅)ရက်နေ့ ပွဲစဉ်၌ ‌စင်္ကာပူစံ‌တော်ချိန် (၁၁:၀၀)နာရီ၊ အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် မြန်မာတာလတ်အပြေးသမား ဟိန်းထက်အောင် မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။