Back

Race Walk

RACE WALKING - Whole Sequence

Phase Description

ပြိုင်ပွဲဝင်လမ်းလျှောက် အားကစား၏ ခြေလှမ်းတိုင်းတွင် (မြေပြင်တွင်) ခြေထောက်တစ်ဖက်တည်းဖြင့် ထိတွေခြခင်း (ရှေ့တွင် ထောက်ကန်ထားခြင်းနှင့် နောက်တွင် ထောက်ကန်ထားခြင်း) နှင့် (မြေပြင်တွင်) ခြေထောက်နှဏ်ဖက်စလုံး ထိတွေ့ခြင်းများ ပါဝင်သည်။
(မြေပြင်တွင်) ခြေထောက်တစ်ဖျက်တည်းနှင့် ထောက်ကန်ခြင်းတွင် အရှိန်ယူခြင်းနှင့် ရှေ့သို့လှမ်းသော ခြေထောက်ကို (မြေပြင်နှင့်) ထိတွေ့ရန် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။
(ပြိုင်ပွဲဝင်) လမ်းလျှောက်ခြင်းဆိုသည်မှာ ခြေလှမ်းတိုင်းသည် မြေပြင်နှင့် အမြဲတမ်းထိတွေ့နေရမည်ဟု အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။ မြေပြင်နှင့် ခြေထောက်လွတ်နေခြင်း ဖြစ်စဉ်ကို မျက်စိဖြင့် မမြင်နိုင်ပါ။
ပြိုင်ပွဲဝင်လမ်းလျှောက် အားကစားနည်း၏ အခြေခံစည်းမျဉ်းဥပဒေများမှာ ခြေထောက်တစ်ချောင်းသည် အမြဲတမ်းမြေပြင်နှင့်
ထိတွေ့နေရမည်။
ရှေ့သို့လှမ်းယူသော ခြေထောက်သည် မြေပြင်နှင့်ထိတွေ့ပြီးမှ နောက်ခြေထောက်တို့သည် မြေပြင်နှင့် ကင်းကွာနိုင်သည်။
ရှေ့သို့ လှမ်းယူသော ခြေထောက်သည် မြေပြင်နှင့် စဦးထိတွေ့စဉ်တွင် ဒူးသည် ဆန့်တန်းစွာ ကျဆင်းရမည်။ ထိုခြေထောက်ပေါ်သို့ ခန္ဓာကိုယ်တည့်မတ်သည့် အချိန်အထိ ဒူးသည် ဆန့်တန်းနေရမည်။