Back

သွားရောက်ယှဥ်ပြိုင်လျှက်ရှိသည့် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်များ၌ မြန်မာပြေးခုန်ပစ်အဖွဲ့မှ ရွှေတံဆိပ်(၁)ဆု ထပ်မံရရှိ


၂၀၂၅ခုနှစ်၊ ဧပြီလ (၂၄)၊ (၂၅) ရက်များတွင် Singapore SportsHub ၌ ကျင်းပလျှက်ရှိသည့် (၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲ၏ (၂၅)ရက်နေ့ ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ-

🥇အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် ဟိန်းထက်အောင် မှ (၁:၅၀.၅၉)ဖြင့် ရွှေတံဆိပ်စွတ်ခူးရရှိခဲ့ပြီး စံချိန်အားဖြင့် 32nd SEA Games ၏ ရွှေ စံချိန် (၁:၅၂:၉၁)ထက် သာလွန်‌ကောင်းမွန်စွာ စွတ်ခူးရရှိခဲ့သဖြင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာသံအမတ်ကြီး ဒေါက်တာဇော်မင်းအောင် နှင့် ဇနီးဖြစ်သည့် ‌မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်မြသူဇာ၏သမီး ဒေါ်မြပွင့်ဖြူ နှင့်အတူ လာ‌ရောက်အားပေးခဲ့ပါသည်။