Back

Crouch Start

Crouch Start - Whole Sequence

Phase Description

တာထွက်ခုံဖြင့် တာထွက်ခြင်းကို အပိုင်း (၄) ပိုင်း ခွဲခြားထားပါသည်။ နေရာဝင်၊ အသင့်၊ တွန်းကန်ထွက်ခြင်းနှင့် အရှိန်မြှင့်တင်ခြင်းတို့ ပါဝင်ပါသည်။

  • နေရာဝင်အနေအထားတွင် ကစားသမားသည် တာထွက်ခုံကို ပြင်ဆင်ပြီး ပုံ (၁) တွင် ပြထားသည့်အတိုင်း နေရာယူရပါမည်။
  • အသင့်အနေအထားတွင် ကစားသမားသည် သင့်တော်သော တာထွက်ခြင်း ပုံစံရရှိစေရန် ခန္ဓာကိုယ်လှုပ်ရှားမှု စတင်ရမည်။
  • တွန်းကန်ထွက်ခြင်း အနေအထားတွင် ကစားသမားသည် ( အချက်ပေးသံ ကြားသည်နှင့် တစ်ပြိုင်နက်) တာထွက်ခုံမှ ထွက်ခွာပြီး ပထမခြေလှမ်း စတင်ရမည်။
  • အရှိန်မြှင့်တင်ခြင်းအနေအထားတွင် ကစားသမားသည် အရှိန်ကို (တဖြည်းဖြည်း) မြှင့်တင်ပြီး ပုံမှန်ပြေးသော အနေအထား ရရှိစေရန် ပြောင်းလဲရမည်။