Back

ကျွန်ုပ်တို့၏ 🇲🇲 20 ကီလိုမီတာ အပြေးလမ်းလျှောက်သူများကို ဂုဏ်ပြုပါသည်

ကိုရီးယားနိုင်ငံ၊ ဂူမီမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ(၂၇)ရက် မှ (၃၁) ရက်နေ့ အထိ ကျင်းပပြုလုပ်နေသော (၂၆)ကြိမ်မြောက် အာရှပြေးခုန်ပစ်ပြိုင်ပွဲ (26th Asian Athletics Championships 2025, Korea) ပထမနေ့ တွင် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ (၂၀)ကီလိမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် –

နိုင်လင်းထွန်း – (၁:၃၆:၃၆)စံချိန်ဖြင့် (၁၅)နေရာ၊

ပြည့်ဖြိုးထွန်း – (၁:၃၇:၂၇)စံချိန်ဖြင့် (၁၇)နေရာ နှင့်

ဇင်မေထက် – (၁:၅၃:၃၅)စံချိန်ဖြင့် (၉)နေရာ

အသီးသီးရရှ်ိခဲ့ကြသဖြင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အ‌နေဖြင့် ဂုဏ်ပြုအပ်ပါသည်။