Back

Daegu Marathon 2024, Korea သို့ မြန်မာ့ပြေးခုန်ပစ် (မာရသွန်)ကစားသမား စောပြည့်စုံနေ နှင့် စိုးပိုင် တို့ သွားရောက်ယှဉ်ပြိုင်

Daegu Marathon 2024 အား ယနေ့ ၇.၄.၂၀၂၄ တွင် တောင်ကိုရီးယာနိုင်ငံ၊ ဒယ်ဂူမြို့၌ ကျင်းပခဲ့ပြီး မြန်မာ့ပြေးခုန်ပစ်အားကစားမှ မာရသွန်ကစားသမားများဖြစ်သည့် စောပြည့်စုံနေ နှင့် စိုးပိုင် တို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြီးခဲ့သည့် ၅.၄.၂၀၂၄ တွင် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ကြသည်။

ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၇)နိုင်ငံ မှ Professional ကစားသမားပေါင်း (၁၇၀)ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာအပါအဝင် (၂)နိုင်ငံ – အင်ဒိုနီးရှား (အမျိုးသမီး) ၁ဦး နှင့် မြန်မာ (အမျိုးသား) ၂ဦး ဝင်ရောက်ယှဥ်ပြိုင်နိုင်ခဲ့သည်။

– စိုးပိုင် (၂:၃၇:၂၈)

– စောပြည့်စုံနေ (၂:၄၀:၀၄)

စံချိန်များ အသီးသီးရရှိခဲ့ကြပြီး အကောင်းဆုံး ယှဉ်ပြိုင်ပန်းဝင်နိုင်ခဲ့သည်။

#MyanmarAthleticsFederation#MAF#daegumarathon2024#athletics#marathon#southkorea

mafmm
mafmm
https://mafmm.org/

Leave a Reply

Your email address will not be published. Required fields are marked *

19 + eleven =