Back

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် (၁/၂၀၂၄) အလုပ်အမှုဆောင်များ အစည်းအဝေးအား ယနေ့ ညနေတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဥက္ကဌရုံးခန်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်

ယနေ့ ညနေ (၃:၀၀)နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဥက္ကဌရုံးခန်းအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် (၁/၂၀၂၄) အလုပ်အမှုဆောင်များ အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အလုပ်အမှုဆောင် (၂၁)ဦးတွင် အမှုဆောင် (၁၆)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် –

ဥက္ကဌ ဦးရှိန်ဝင်းမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး

– ဒုဥက္ကဌ ဦးသာအောင် မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

– အလုပ်အမှုဆောင် အသစ်များမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး

– အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်မှ ပြီးခဲ့သည့် (၂၀၁၉ – ၂၀၂၃) ၅နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များ နှင့် ဘဏ္ဍာငွေ စာရင်းရှင်းတမ်းများအား တင်ပြခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြရာ အမှုဆောင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

– ပြီးနောက် ဥက္ကဌ ဦးရှိန်ဝင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား အမှတ်တရ မှတ်တမ်းတင်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုတ်သိမ်းလိုက်ကြပါသည်။

– အစည်းအဝေးအပြီးတွင် ဥက္ကဌ မှ အမှုဆောင်များကျန်းမာရေးအတွက် ဖြည့်စွက်အာဟာရဆေးများ ပေးခဲ့ပါသည်။

၁၉.၁.၂၀၂၄

#MyanmarAthleticsFederation#maf

#myanmarathleticsfederation_ec_member_2024

#maf_ec#meeting#athletics#trackandfield

MMcities
MMcities
https://mafmm.org

Leave a Reply

Your email address will not be published. Required fields are marked *

5 × 4 =