What’s Track and Field ဆိုတာပြေးခြင်း၊ ခုန်ခြင်း၊ ပစ်ခြင်းတွေ ပါဝင်တာကြောင့် ပြေးခုန်ပစ်အားကစားနည်းနဲ့အတူတူပါဘဲအဲ့ဒါကြောင့် ပြေးခုန်ပစ်ကို ‘God father all of sports’ လို့လည်းခေါ်ပါတယ်အရင်ရှေးကျတဲ့ခေတ် (Ancient times) က track and field ခေါ်ခဲ့ပြီးခေတ်သစ် (Modern times) မှာ(Athletics)လို့ ခေါ်တွင်စေခဲ့ပါတယ်။ Track and Field မှာအပြေးrunning events Sprint (တာတို-မီတာ ၁ဝဝ၊၂ဝဝ၊၄ဝဝ)၊ Middle distance (တာလတ်- မီတာ ၈ဝဝ၊ ၁၅ဝဝ)၊ Long distance (တာဝေး-မီတာ ၅ဝဝဝ၊ ၁ဝဝဝဝ)၊ Racewalking (လမ်းလျှောက်- ကီလိုမီတာ ၂ဝ ကျား၊ ကီလိုမီတာ ၁ဝ မ)၊ Hurdling (တန်းကျော်- မီတာ၁၁ဝ ကျား၊ မီတာ ၁ဝဝ မ၊ မီတာ ၄ဝဝ ကျား, မ) Steeplechase (တားဆီးကျော်)၊ (လက်ဆင့်ကမ်း) စသည့် ကစားနည်းများပါဝင်ပြီးမည်သူကအချိန်အနည်းဆုံးနဲ့ယှဉ်ပြိုင်နိုင်လဲအားကစားနည်းတွေအတွက် Track လို့ခေါ်ဆိုပြီးအခုန် Jumping နဲ့ အပစ် Throwing events များမှ အခုန် (Long jump, High jump, triple jump, pole vault)၊ အပစ် (Shot put, discus throw, Javelin throw, Hammer Throw) အားကစားနည်းတွေမှာမည်သူကဘယ်လောက်မြင့်မြင့် ဘယ်လောက်ဝေးဝေးလုပ်နိုင်လဲဆိုပြီးယှဉ်ပြိုင်ရတဲ့ ကစားနည်းကိုတော့ ‘Field’ ဆိုပြီးသတ်မှတ်ထားပါတယ်။ပြေးခုန်ပစ်မှာထပ်ပြီးထူခြားတာကတော့ (combined events or multi events)ပေါင်းစပ်ထားတဲ့ကစားနည်းတွေ ပါပါသေးတယ် Pentathlon (five events) ၅ မျိုးစုံ ၊Hepatathlon(Seven events) ၇ မျိုးစုံ ၊ Decatathlon ( ten events) ၁၀ မျိုးစုံကစားနည်းတွေဖြစ်ပါတယ်… combined eventsတွေကတော့ trackရောfield ပါ ကစားရပါတယ် Track and Field သို့ Athletics ကစားနည်းအများစုဟာindividual တစ်ဦးတစ်ယောက်ချင်းယှဉ်ပြိုင်ရတဲ့ ကစားနည်းဖြစ်ပါတယ် လက်ဆင့်ကမ်းကစားနည်းတစ်ခုသာအုပ်စုဖွဲ့ ၄ ယောက် ကစားရပါတယ်။ Sport of athletics အောက်မှာဘဲtrack and fieldကို Road Running,Cross country running and racewalkingဆိုပြီးအမျိုးအစားခွဲခြားထားပြန်ပါတယ်…. ပြေးခုန်ပစ်အားကစားနည်းဟာဆီးဂိမ်းလ်မှာရွှေတံဆိပ် ၄၆ ခုချီးမြင့်တဲ့ အားကစားနည်းလည်းဖြစ်ပါတယ်ကမ်ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ကို 17 July 1912 နှစ်Stockholm,Swedenမှာ ၁၇ နိုင်ငံနဲ့စစခြင်းတည်ထောင်ခဲ့ကြပြီးမြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ကို ၁၉၈၀ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။အသေးစိတ်ကိုအောက်မှာတစ်ပုံချင်းရှင်းပြထားပါတယ်
မှတ်ချက်။ ။ ကျွန်တော်လေ့လာသိသလောက်သာဖြစ်ပါသည်၊ မသိသေးတဲ့သူအတွက် သိစေလို၍ သိပြီးတက်ပြီးသူများကလည်းအမှားတွေ့ပါကထောက်ပြပေးဖို့Commentsပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။