Back

(၂၆)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများဆိုင်ရာ ကွန်ဂရက်ကို တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့တွင် ကျင်းပ

၂၀၂၅ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် (၂၆)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများဆိုင်ရာ ကွန်ဂရက်ကို တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့တွင် အောင်မြင်စွာ ကျင်းပလျှက်ရှိပါသည်။

အဆိုပါ ကွန်ဂရက်သို့ အာရှနိုင်ငံပေါင်း (၄၈)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်နေပြီး၊
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်သည်လည်း မြန်မာနိုင်ငံကိုယ်စားပြု၍ ယင်းကွန်ဂရက်သို့ တက်ရောက်လျှက်ရှိပါသည်။

ဤကွန်ဂရက်သည် အာရှ‌ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်များကို ချမှတ်၍ အကောင်အထည်ဖော်မည့် ကွန်ဂရက်ဖြစ်ပါသည်။

ဆက်လက်၍ မေလ(၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိ အာရှပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နည်းပြ (၁)ဦး၊ အားကစားသမား (၅)ဦး ဖြစ်ကြသော- ဦးအောင်နိုင်ဝင်း (နည်းပြ)၊ ပြည့်ဖြိုးထွန်း (လမ်းလျှောက်)၊ နိုင်လင်းထွန်း (လမ်းလျှောက်)၊ ထက်ဝေယံ (သံလုံး၊ သံပြားပစ်)၊ ဟိန်းထက်အောင် (၈၀၀မီတာ) နှင့် ဇင်မေထက် (လမ်း‌လျှောက်) တို့ ပါဝင်သည့် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ သည်လည်း ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့သည်။