Back

အင်အားဖြည့်(ဖြည့်စွက်)အစားအစာ နှင့် ဆေးများအတွက် စိတ်ပါဝင်စားသူများ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးနှိုးဆော်

– လာမည့် (၃၃)ကြိမ်မြောက်အ‌ရှေ့ဝောာင်အာရှအားကစားပြိုင်ပွဲကို ရည်ရွယ်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားသမားများအား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (စားရိပ်သာ)မှ အာဟာရပြည့်စုံစွာ‌ ကျွေးမွေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ထပ်လောင်း၍ အားကစားသမားများ ပိုမိုလေ့ကျင့်မှုအားကောင်းစေရန်၊ ကျန်းမာစေရန် နှင့် အားအင်ပြည့်ဝ‌နေစေရန် အင်အားဖြည့်(ဖြည့်စွက်) ဆေးဝါးများအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌကြီး ဦးရှိန်ဝင်း မှ ပေးပို့၍လည်းကောင်း၊ အထွေထွေအတွင်း‌ရေးမှူး ဦးကျော်ထူးအောင် မှ လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ‌နေစဉ် ကိုယ်တိုင် ချက်ပြုတ်၍လည်း‌ကောင်း၊ ကျွေးမွေးလျှက်ရှိပြီး စခန်းသွင်းလေ့ကျင့်နေစဉ်တလျှောက် အင်အားဖြည့်(ဖြည့်စွက်) အစားအစာ၊ ဆေး များအား အလျဉ်းသင့်သလို ပံ့ပိုးထောက်ပံ့သွားမည်ဖြစ်ပါသည်။

😋 ၃.၃.၂၀၂၄ (လမ်းလျှောက်ကစားသမားအဖွဲ့) – ကြက်အာလူးဟင်း

🤤 ၄.၃.၂၀၂၄ (တာလတ်ကစားသမားအဖွဲ့) – ဝက်သားဟင်း

အဆိုပါ အင်အားဖြည့်(ဖြည့်စွက်)အစားအစာ နှင့် ဆေးများအတွက် စိတ်ပါဝင်စားသူများ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

– ထို့အပြင် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ (A)အဆင့်အနေဖြင့် ပဏာမရွေးချယ်ထားသည့် ကစားသမားများအတွက် လေ့ကျင့်‌ရေး ဖိနပ်များနှင့် ဝတ်ဆုံများအား ထောက်ပံ့ပေးအပ်ပြီးဖြစ်ပြီး၊ လိုအပ်သည့် ကစားသမားများအတွက် အင်အားဖြည့် Jelly များ ထောက်ပံ့ပေးထားပြီးဖြစ်ပါသည်။

#myanmarathleticsfederation#maf#33rdSEAGames#RoadTo33rdSEAGames#SEAGames#Training#athletics